hello ! ဒီနေ့ကတော့ PowerShell ကို သုံးပြီးတော့ Network Monitoring လုပ်လို့ရတယ့် script ကို ရေးသွားမှာဖြစ်ပါတယ်. script ထဲပါတဲ့ command တွေကတော့ basic ပဲဖြစ်ပါတယ်.
ပထမဆုံး desktop အနေအထားကနေ new > text document ကိုရွေးပြီး text file တစ်ခု create လုပ်လိုက်ပါ။
ပြီးသွားရင်တော့ text file ထဲမှာ ခုအောက်မှာပေးထားတဲ့ strings တွေကို Copy ကူးပြီး paste လုပ်လိုက်ပါ။
@echo off & cls
set IP=8.8.8.8
:top
PING -n 1 %IP% | FIND "TTL="
IF ERRORLEVEL 1 (
SET OUT=4F
echo Request timed out.
) ELSE (
SET OUT=2F
)
color %OUT%
ping -n 2 -w 1000 127.0.0.1 >nul
GoTo top
set IP = ဆိုတဲ့နေရာမှာ ကိုယ် monitoring လုပ်ချင်တဲ့ IP address ဒါမှမဟုတ် Public IP or website (google.com)ဆိုပြီးပြောင်းပေးပြီး
save as နဲ့ Filename နေရာမှာ extension ကို .bat ပြီးတော့ save as type မှာ all file ရွေးပြီး save ပေးလိုက်ပါ။
ပြီးသွားရင်တော့ ဒီလိုမျိုး script file လေးထွက်လာမှာဖြစ်ပြီးတော့ script ကို double click နဲ့ run လိုက်ရင်တော့
ဒီလို run နေမှာဖြစ်ပါတယ်။ network monitoring ကို ping ဆိုတဲ့ command ကိုသုံးပြီးရိုးရိုးရှင်းရှင်းလုပ်လို့ရပါတယ်။ ဒါပေမယ့် ဒီscript က ခုလို reply လာတဲ့ချိန်ကျရင် background အစိမ်းရောင်လေးဖြစ်နေပြီးတော့
RTO (Request timed out) ဖြစ်သွားတဲ့ချိန် တနည်းအားဖြင့် ကိုယ် monitoring လုပ်နေတဲ့ ip ဒါမှမဟုတ် website ဒေါင်းသွားတဲ့ချိန် ကိုယ့်စက်က internet မရတော့တဲ့ချိန်ကြရင်တော့ ခုလို background အနီရောင်ပြောင်းသွားမှာဖြစ်ပါတယ်။ ပြန်ပြီးတော့ ping လိုရရင် ပြန်စိမ်းသွားမှာဖြစ်ပါတယ်။
Thanks
NC